Archive for December, 2007
ဗိုလ်အောင်ကျော် (သို့မဟုတ်) ဗ.က.သ ၏ အာဇာနည် (Bo Aung Kyaw of Burma)
ကိုအောင်ကျော်ကို ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ မှာ အဖ ဦးကျော်ထင် နှင့် အမိ ဒေါ်ရွှေကျော့ တို့မှ အင်္ဂပူ မြို့နယ်၊ ရုံးဇင်ရွာတွင် ဖွားမြင်ခဲ့ပါတယ်။ အလယ်တန်း ပညာကို မယ်ဇလီကုန်း အမျိုးသားကျောင်းမှ အောင်မြင်ခဲ့ပြီး၊ အထက်တန်းကို ဟင်္သာတမြို့၌ သင်ကြားတတ်မြောက်ခဲ့ပါတယ်။ ထို့နောက် ဂျပ်ဆင်ကောလိပ် တွင် ဥပစာတန်း ဆက်လက် တက်ရောက် ခဲ့ပြန်ပါတယ်။
ကိုအောင်ကျော်ဟာ မြန်မာစာပေကို အလွန်တန်ဖိုးထားပြီး၊ မြန်မာစာ အရေးအသားလည်း အလွန်ကောင်းမွန်တယ် လို့်လူသိများခဲ့သူပါ။ စိတ်နေဓါတ်ခံ ပြင်းထန်ပြီး၊ အမျိုးသားရေးလည်း သူမတူအောင် နိုးကြားသူဖြစ်လို့ မိမိရဲ့ စာပေအစွမ်း နှင့် အမျိုးသားရေးလှုံ့ဆော်မှုတွေမှာ ရှေ့တန်းကပါဝင်ခဲ့လို့် တက္ကသိုလ် ကျောင်းသားသမ္မဂ္ဂတွင် သာမက၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမ္မဂ္ဂတွင်၌ပါ [...]